# သံယောဇဉ်နိဒါန်း
အချစ်စာကိုယ်ပန်းပွင့်
အမုန်းနိဂုံးတံခါးဖွင့်.....။ ။
(ပထမဦးဆုံးပုံနှိပ်ကဗျာ...)
၁၉၉၀ ခုနှစ် စာပေရုပ်ရှင်စတားမဂ္ဂဇင်း
# သံယောဇဉ်နိဒါန်း
အချစ်စာကိုယ်ပန်းပွင့်
အမုန်းနိဂုံးတံခါးဖွင့်.....။ ။
(ပထမဦးဆုံးပုံနှိပ်ကဗျာ...)
၁၉၉၀ ခုနှစ် စာပေရုပ်ရှင်စတားမဂ္ဂဇင်း
# Heart is not to hate ,
it has been born to love.
so ,
I love you.
#ဆိုခဲ့
နှလုံးသားဒသန
အချစ်ဒသန
အထာကျချင်ကျ
အထာလှချင်လှ
တကယ်တမ်းကျ
နှလုံးသား အမုန်းပွားပါ၏
နှလုံးသား အမုန်းပွားတတ်၏။ ။
# ပလိပ်..တဲ့
မြို့သားလည်းမဟုတ်
တောသားလည်းမဟုတ်
ကပြား.."
#ကြည့်စမ်း
မြို့ကလေးရဲ့ ကင်ပွန်းတပ်မှု
မျက်စောင်းထိုးလိုသူတွေအတွက်တော့
လှောင်ပြောင် ခြောက်လှန့်
ရုပ်လုံးတွေ ဖြစ်လို့,,,,
@ဟိုတုန်းက ကြားဖူးတယ်
ကြွက်ရဲ့ ဝတ်ရုံနက် ဝတ်ဆင်ထားတဲ့
ပလိပ်..ဆိုတဲ့ ဝိဥာဉ်ဟာ...
တစ္ဆေ ...
ထိတ်လန့်ခြင်း ဦးခေါင်းခွံ
ပြီးတော့-
ကြားဖူးပါရဲ့....
ပုလိပ်"ဆိုတဲ့ နာမ်စား
ဒီလိုနဲ့
မြို့ကလေး အနိုင်ကျင့်ခံရ
@တကယ်တော့
ဒါဟာ....
ဥပေက္ခာ ရယ်ပွဲ....
#ဘယ်လောက်လှသလဲ
ကြည့်စမ်း
ရိုးမရဲ့ ဝမ်းဗိုက်ထဲကနေ
သန့်
ဖြူ
အေးမြတဲ့
ကျောက်စက်သန္ဓေသားများ
စုစုစည်းစည်းနဲ့....
အကောင်ရှည်တစ်ကောင်က
မြို့ကလေးရဲ့ အိပ်ယာဘေးကနေ
စီးဆင်း...
မြစ်မင်း
မိခင် ဧရာဝတီဆီ..။
#ပြီးတော့-
တချိန်တုန်းက
နေပြည်တော်စည်ရွှန်းစဉ်က
ဈေးကွက်ဖြစ်ထွန်းရာ မြို့ကလေး...
#မြို့ကလေးမှာ
သမိုင်းတွေများစွာ
ရာဇဝင်တွေများစွာရှိတယ်
အနော်ရထာနဲ့ သူမျိုးဆက်တွေရဲ့
ခြေရာတွေ.....
စကားတွေ.....
ယဉ်ကျေးမှုတွေ....
သာသနာတွေ.....
အများကြီး အများကြီး
အများကြီး
အများကြီးရယ်ပါ......
@တကယ်ပါ
မြတ်ဘုရားရဲ့ အမွေအနှစ်
စည်ပင်လို့
အထင်ကရ ဓမ္မရှင်တွေ နေခဲ့ဖူး
ရှိခဲ့
ရှိလည်း ရှိခဲ့
ရှိလည်း ရှိဆဲ
ခေါင်းလောင်းသံ တညံညံ
ကြေးစည်သံတွေက သာသာယာယာ..
@ပြီးတော့
ကဝိတွေ အသက်ရှင်ခဲ့
ပြီးတော့
ဘိုးတော်ဘုရားရဲ့ စကားတွေ ကျန်ခဲ့
ပြီးတော့
ပလိပ်စားရဲ့ အလင်္ကာတွေ ကျန်ခဲ့
ပြီးတော့
ဒီဘက်မှာ အများကြီး
အများကြီး
@တကယ်တော့
အလောင်းစည်သူ စောမွန်လှ
သင်္ကေတ
ပေလိပ်တဲ့
ပေရွက်ပေါ်က လာတဲ့ မြို့
အမေရဲ့ မြို့
ကျုပ်ရဲ့ မြို့ စစ်စစ်ပါ...
@ဒါနဲ့များ
ပလိပ် ဆိုတဲ့ မြို့
သက်သက်မဲ့ ရေလောင်းခံရပုံများ
မောင်ခိုင်မွန်ရေ.....
ကျုပ်တို့သမိုင်းတွေ လှပနေပါရဲ့လေ
အဲဒီစဉ်မှာတော့---
မြို့ကလေးက ပီတိတွေ
ဝေ......။ ။
၂၀၀၃ ဇူလိုင် နွယ်နီမဂ္ဂဇင်း
★၁၉၄၇ဇူလိုင်
၁၀နာရီ ၃၇ မိနစ်...
ဥသြဆွဲသံ ကြားလိုက်တယ်
ဒီနေ့ဟာ..
သမိုင်းစာမျက်နှာထက်သွေးစွန်းရက်သွေးစွန်းခဲ့....
★ဥသြဆွဲသံ ကြားလိုက်တယ်
ဒီနေ့မှာ......
ဗိုလ်ချုပ်နဲ့ လုပ်ဖော်ကိုင်ဖက်ခေါင်းဆောင်များ
မျိုးချစ်သူရဲကောင်းများ
ပြည်သူ့အကျိုး
တိုင်းပြည်အကျိုးဆောင်ရွက်ခိုက်
အငိုက်ခံရဘဝနိဂုံး ဆုံးခဲ့တယ်။
★ဥသြဆွဲသံကြားလိုက်တယ်
ဒီနေ့မှာ ပြည်သူတွေ
မျက်ရည်စီးဆင်း
ပင်လယ်ကြီးအလား
သမုဒ္ဒရာတစ်စင်းဖြစ်သွား....
★ဥသြဆွဲသံကြားလိုက်တယ်
ဘယ်တော့မှ မမေ့ဘူး
ဒီနေ့ကို မေ့ပစ်လို့ မရဘူး
ဒီနေ့ကို ဖျောက်ဖျက်ပစ်လို့ မရဘူး
(ဥသြဆွဲဖို့ ငြင်းသူတွေကတော့ထားရော့..)
★ဥသြဆွဲသံ ကြားလိုက်တယ်
ဒီနေ့ကို
မိုးဖွဲဖွဲလေးတွေကတောင် ဂုဏ်ပြုတယ်
★ဟေ့ သူငယ်ချင်းတို့ဥသြဆွဲသံ ကြားရ
(အားလုံး မတ်တပ်ထ....တစ်မိနစ်ငြိမ်....)
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြု..........။ ။
မောင်ရဲနွေ
19th Juiy'2013