ကဗျာ
တကယ်တော့ မိုးပေါ်က ကျလာတာ မဟုတ်.....
ခွန်အားကို
ဖြစ်စေတာ ကဗျာ....
သွေးသစ်ကို လောင်းစေတာ
ကဗျာ...
အခက်အခဲကို နင်းချေတာ
ကဗျာ...
ကဝိတို့ ကဗျာ
ကဗျာပစ္စည်း
ပစ္စည်းကဗျာ...
ကဗျာဟာ
ပွင့်သော
မွှေးသော...ပန်း
စပယ်
ချယ်ရီ
နှင်းဆီ
သဇင်
............
.................
......
စကားဝါ
ပြာပြာ ဝါဝါ နီနီ ခရမ်း
စိမ်းစိုသော ပန်း
ကဗျာလမ်း
ပန်းကဗျာ...
ပီတိဖြစ်စေသတဲ့
ကြည်နူးမှု ဖြစ်စေသတဲ့
ရွှင်လန်းမှု ဖြစ်စေငတဲ့
ငဲ့ကြည့်ကြသတဲ့ ကဗျာ
ဒီကဗျာ...
အသံသာတယ်
အဆင်း လှတယ်
ရိုးသားတယ်
ဖြူစင်တယ်
သစ္စာညွှန်းတယ်...
အလှတွေ ပေါင်းစု
အကြောင်းရှုတဲ့ ကဗျာ
ကောင်းမှုနဲ့ ကဗျာ
ကဗျာပါပဲ...
နေမင်းလည်း ကဗျာဖြစ်တယ်
လဝန်းလည်း ကဗျာဖြစ်တယ်
မြင်မြင်သမျှ
အာရုံကျရာ ကဗျာ
ကဗျာပါပဲ.....
ကဗျာ ဖြစ်သတဲ့
ကဗျာဖြစ်သတဲ့လား....
အဖဘွဲ့ကဗျာ
အမိဘွဲ့ကဗျာ
တရားဓမ္မနဲ့ကဗျာ
အချစ်အကြောင်းနဲ့အသည်းကွဲကဗျာ
အဖေနဲ့အမေ ရှာဖွေတွေ့တာ
သူငယ်ချင်းနဲ့ သူငယ်ချင်းမ ရှာဖွေတွေ့တာလည်း
ဒီကဗျာ......
တစ်ခါတော့
လိုက်မယ်ဆို ကဗျာလှေပေါ်တင်ခဲ့
ထိုင်မယ်ပြင်စဉ် တခဏ
ကဗျာပင်လယ်က အပြောကျယ်တယ်
မောတယ်
မောတယ် ရင်မောတယ်
ကြောက်တယ်ဆိုပြီး ကမ်းစပ်မှာကျန်ခဲ့
သောကတွေနဲ့
မောသလား ကဗျာရဲ့....
ကဗျာစေရာ "သွား"
ကဗျာစေရာ "နား"
ကဗျာပါးမှာ "ကပ်.."
အချစ်ဖွဲ့
အမုန်းဖွဲ့
နှလုံးသားနဲ့ကဗျာ
ကဗျာတိမ်လွှာ......
နွေဖွဲ့
မိုးဖွဲ့
ဆောင်းဖွဲ့
ရသနဲ့ကဗျာ
ကဗျာခြုံလွှာ...
ကဗျာ
ကဗျာက ပြုစားတယ်...
လပြည့်တစ်ည
ကဗျာလွလွ
ကဗျာတစ်ပုဒ်နဲ့ အစပျိုး
မသေတဲ့ပိုး တိုးခဲ့...
ကဗျာရေးရင်း ကျောင်းစာကျက်
ကဗျာရေးရင်း ကျောင်းစာတွက်
ကျောင်းစာရေးရင်း ကဗျာကျက်
ကျောင်းစာရေးရင် ကဗျာဖွဲ့...
ကဗျာနဲ့ ကြီးပြင်း
ကဗျာသင်ခန်းစာတွေ ရေးရင်း
ကဗျာအလီတွေ တွက်ချက်ရင်း
ရင်တွင်းမှာ အမောပြေ...
ကဗျာမှာ အက္ခရာတွေ ပါတယ်
ကဗျာမှာ ဗျည်း သရတွေ ပါတယ်
ကဗျာမှာ အလှတရားတွေ ပါတယ်
ကဗျာမှာ သင်္ကေတတွေ ပါတယ်
ကဗျာမှာ နရီစည်းဝါးတွေ ပါတယ်
...............................
................................
.........ကဗျာမှာ...
ထီးသံ နန်းသံကဗျာ
ဂန္ဓဝင်ကဗျာ
ခေတ်စမ်းကဗျာ
စာပေသစ်ကဗျာ
မိုးဝေကဗျာ
ခေတ်ပေါ်ကဗျာ မော်ဒန်ကဗျာ လွတ်လပ်ကဗျာ
အခု-
ဘာဘာ ညာညာ LPကဗျာ
ကဗျာဟာ
ကဗျာပါပဲ...
ကဗျာရေးတာ
ထမင်းမဝပေမယ့်
ကဗျာထမင်း ဆာလောင်ခြင်းကင်းတယ်..
ကဗျာဟာ
ခံစားမှုကို ပေးတယ်...
ကဗျာမှာ
မမြင်နိုင်တဲ့ စွမ်းအားတွေ ရှိတယ်...
ကဗျာချစ်ခြင်း
လမင်းပြည့်ပြည့် လင်းတယ်...
ကဗျာကြောင့်
ပန်းကလေးတွေ ပိုမွှေးတယ်....
ကဗျာကြောင့်
စမ်းရေတစ်စက် ပိုအေးတယ်...
ကဗျာကြောင့်
လဝန်း ပိုပြည့်တယ်..
ကဗျာကြောင့်
ချစ်သူနဲ့ ပိုနီးတယ်....
ကဗျာကြောင့်
ရွှန်းမြ လှပ ပန်းချီရေးခြယ်..
အဲသလို
အဲသလိုပေါ့
အဲသလို အလှတရားတွေနဲ့ ပြည့်နေတာ
ကဗျာ
ကဗျာပါ
ဒီကဗျာကို
အသရေဖျက်တဲ့ ပိုးတွေကြောင့်
တိုးလို့ တိုးလို့နာ
ရင်မှာ တစစ်စစ်
သိပ် စိတ်ညစ်တယ်
ကဗျာဟာ ကဗျာပါပဲညယ်
ပွင့်သော မွှေးသော ကဗျာရယ်...။ ။
နွယ်နီမဂ္ဂဇင်း နိုဝင်ဘာ ၂၀၀၇
်