နှစ်သစ်နိဒါန်း တစ်နှစ်ဟောင်းလို့ ပြောင်းခဲ့ပြီ တစ်နှစ်။ဘာတွေ ဟောင်းခဲ့လဲ။ဘာတွေနှောင်းခဲ့လဲ။ဘာတွေ ကောင်းခဲ့လဲ။ဘာတွေမကောင်းခဲ့လဲ။ ဟောင်းတာတွေက များ ။မကောင်းတာတွေကများ ။ဒီလိုပဲ ခရီးသွားနေကြတာပါ့။ အတ္တနဲ့ပရမှာ အတ္တတွေကသာ လွှမ်းမိုးပြီး တစ်နှစ်ကုန်ဆုံးခဲ့တယ်။မိမိအတွက် မိသားစုအတွက် ရပ်ရွာအတွက် မြို့အတွက် ဒေသအတွက် နိုင်ငံနဲ့လူမျိုးအတွက် ဘာတွေလုပ်ခဲ့သလဲလို့ ကိုယ့်ကိုကိုယ် မေးကြည့်တဲ့အခါ ဘယ်လိုဖြေရမည်မသိ။သေချာတာကတော့ ကိုယ့်အတွက်သာ အချိန် နေ့ရက် လ နှစ်တွေ တရွေ့ရွေ့ကုန်ဆုံးခဲ့ကြတယ်။အကျိုးနဲ့အကြောင်း အဆိုးနဲ့အကောင်းမှာ အကျိုးနဲ့အကောင်းက ရာနှုန်းနည်းပြီး အကြောင်းနဲ့အဆိုးသာ ရာခိုင်နှုန်းများနေပါတော့တယ်။ တစ်နှစ်ပြောင်းတော့ တစ်နှစ်ဟောင်းတော့ အသက်တစ်နှစ်ကြီးလာသလို အသက်တစ်နှစ်တိုလာတယ်။ဘယ်တော့များ အလှည့်ကျလာမှန်းမသိတဲ့ ဘဝခရီးမှာ နီးနီးလာတဲ့ နောက်ဆုံးရက်တစ်ရက်မရောက်မီ ဘာတွေ ပြင်ဆင်သင့်ပြီလဲဆိုတာ သုံးသပ်သင့်ပါပြီ။ပြင်ဆင်သင့်ပါပြီ။ဆုံးဖြတ်ချက်တစ်ခုတော့ ချသင့်ပြီ။ဘဝကောင်းဖို့ အကောင်းတွေကိုသာ ရွေးချယ်လုပ်ကိုင်ဖို့လိုပြီ။ကိုယ့်အတွက်ကောင်းဖို့လိုသလို အများအတွက် ကောင်းအောင်လုပ်ဖို့လည်းလိုပြီ။ နှစ်သစ်မှာ အသစ်အသစ်တွေ လုပ်ဖို့လိုပြီ။အသစ်အသစ်ဆိုပေမယ့် မိမိ သူတပါးကောင်းဖို့ စဉ်းစားပြီး လုပ်ကိုင် ဆောင်ရွက် နေထိုင်ဖို့လိုနေပြီ။ နှစ်သစ်မှာ စိတ် ကိုယ် ချမ်းသာ ကျန်းမာကြပါစေ။ ။
Tuesday, December 31, 2013
Monday, December 30, 2013
."..................."
ပြန်လိုချင်တာ မရတော့ပေမယ့် ရသင့်သလောက် ရတဲ့ အခွင့်အရေးနဲ့ ကျေးဇူးကြွေးတွေ ဆပ်သင့်တယ်။ ။
နဝမအကြိမ်ဆရာကန်တော့ပွဲအမှတ်တရရေးခဲ့။
Sunday, December 1, 2013
" ဧရာဝတီ "
နှစ်သွယ်မြစ်
အချစ်သက်သေတည်
ဧရာဝတီ....
ဧရာဝတီမြစ်..တဲ့လား ။
စားလိုက်
သွားလိုက်
အားစိုက် စီးဆင်း
(အခုတော့- )
အလို....
အိုမြစ်မင်း
မယွင်းမြန်မာ
ကမ္ဘာတည်စေသောဝ်.....။ ။
Thursday, November 21, 2013
ဝေမလို ကြွေတဲ့ ပန်း
အသက်ကြီးမှ
ပျက်စီးတဲ့ အဖြစ်.....
အသက်ကြီးမှ
ဖျက်စီးတဲ့ အချစ်....
အချစ်ရဲ့ ဖြစ်မှု
ပျက်မှု
သိမှု
နုစဉ်က ရှုခဲ့ ဖူးလည်း....
ဝေ မလိုနဲ့
ကြွေတဲ့ ပန်း
လွမ်းပါရစေခင်........
်
ဝေ မလိုနဲ့
ကြွေတဲ့ ပန်း
မနွမ်းပါရစေနဲ့ခင်....။
့
ု
Thursday, November 14, 2013
# ကဗျာ #
ကဗျာ
တကယ်တော့ မိုးပေါ်က ကျလာတာ မဟုတ်.....
ခွန်အားကို
ဖြစ်စေတာ ကဗျာ....
သွေးသစ်ကို လောင်းစေတာ
ကဗျာ...
အခက်အခဲကို နင်းချေတာ
ကဗျာ...
ကဝိတို့ ကဗျာ
ကဗျာပစ္စည်း
ပစ္စည်းကဗျာ...
ကဗျာဟာ
ပွင့်သော
မွှေးသော...ပန်း
စပယ်
ချယ်ရီ
နှင်းဆီ
သဇင်
............
.................
......
စကားဝါ
ပြာပြာ ဝါဝါ နီနီ ခရမ်း
စိမ်းစိုသော ပန်း
ကဗျာလမ်း
ပန်းကဗျာ...
ပီတိဖြစ်စေသတဲ့
ကြည်နူးမှု ဖြစ်စေသတဲ့
ရွှင်လန်းမှု ဖြစ်စေငတဲ့
ငဲ့ကြည့်ကြသတဲ့ ကဗျာ
ဒီကဗျာ...
အသံသာတယ်
အဆင်း လှတယ်
ရိုးသားတယ်
ဖြူစင်တယ်
သစ္စာညွှန်းတယ်...
အလှတွေ ပေါင်းစု
အကြောင်းရှုတဲ့ ကဗျာ
ကောင်းမှုနဲ့ ကဗျာ
ကဗျာပါပဲ...
နေမင်းလည်း ကဗျာဖြစ်တယ်
လဝန်းလည်း ကဗျာဖြစ်တယ်
မြင်မြင်သမျှ
အာရုံကျရာ ကဗျာ
ကဗျာပါပဲ.....
ကဗျာ ဖြစ်သတဲ့
ကဗျာဖြစ်သတဲ့လား....
အဖဘွဲ့ကဗျာ
အမိဘွဲ့ကဗျာ
တရားဓမ္မနဲ့ကဗျာ
အချစ်အကြောင်းနဲ့အသည်းကွဲကဗျာ
အဖေနဲ့အမေ ရှာဖွေတွေ့တာ
သူငယ်ချင်းနဲ့ သူငယ်ချင်းမ ရှာဖွေတွေ့တာလည်း
ဒီကဗျာ......
တစ်ခါတော့
လိုက်မယ်ဆို ကဗျာလှေပေါ်တင်ခဲ့
ထိုင်မယ်ပြင်စဉ် တခဏ
ကဗျာပင်လယ်က အပြောကျယ်တယ်
မောတယ်
မောတယ် ရင်မောတယ်
ကြောက်တယ်ဆိုပြီး ကမ်းစပ်မှာကျန်ခဲ့
သောကတွေနဲ့
မောသလား ကဗျာရဲ့....
ကဗျာစေရာ "သွား"
ကဗျာစေရာ "နား"
ကဗျာပါးမှာ "ကပ်.."
အချစ်ဖွဲ့
အမုန်းဖွဲ့
နှလုံးသားနဲ့ကဗျာ
ကဗျာတိမ်လွှာ......
နွေဖွဲ့
မိုးဖွဲ့
ဆောင်းဖွဲ့
ရသနဲ့ကဗျာ
ကဗျာခြုံလွှာ...
ကဗျာ
ကဗျာက ပြုစားတယ်...
လပြည့်တစ်ည
ကဗျာလွလွ
ကဗျာတစ်ပုဒ်နဲ့ အစပျိုး
မသေတဲ့ပိုး တိုးခဲ့...
ကဗျာရေးရင်း ကျောင်းစာကျက်
ကဗျာရေးရင်း ကျောင်းစာတွက်
ကျောင်းစာရေးရင်း ကဗျာကျက်
ကျောင်းစာရေးရင် ကဗျာဖွဲ့...
ကဗျာနဲ့ ကြီးပြင်း
ကဗျာသင်ခန်းစာတွေ ရေးရင်း
ကဗျာအလီတွေ တွက်ချက်ရင်း
ရင်တွင်းမှာ အမောပြေ...
ကဗျာမှာ အက္ခရာတွေ ပါတယ်
ကဗျာမှာ ဗျည်း သရတွေ ပါတယ်
ကဗျာမှာ အလှတရားတွေ ပါတယ်
ကဗျာမှာ သင်္ကေတတွေ ပါတယ်
ကဗျာမှာ နရီစည်းဝါးတွေ ပါတယ်
...............................
................................
.........ကဗျာမှာ...
ထီးသံ နန်းသံကဗျာ
ဂန္ဓဝင်ကဗျာ
ခေတ်စမ်းကဗျာ
စာပေသစ်ကဗျာ
မိုးဝေကဗျာ
ခေတ်ပေါ်ကဗျာ မော်ဒန်ကဗျာ လွတ်လပ်ကဗျာ
အခု-
ဘာဘာ ညာညာ LPကဗျာ
ကဗျာဟာ
ကဗျာပါပဲ...
ကဗျာရေးတာ
ထမင်းမဝပေမယ့်
ကဗျာထမင်း ဆာလောင်ခြင်းကင်းတယ်..
ကဗျာဟာ
ခံစားမှုကို ပေးတယ်...
ကဗျာမှာ
မမြင်နိုင်တဲ့ စွမ်းအားတွေ ရှိတယ်...
ကဗျာချစ်ခြင်း
လမင်းပြည့်ပြည့် လင်းတယ်...
ကဗျာကြောင့်
ပန်းကလေးတွေ ပိုမွှေးတယ်....
ကဗျာကြောင့်
စမ်းရေတစ်စက် ပိုအေးတယ်...
ကဗျာကြောင့်
လဝန်း ပိုပြည့်တယ်..
ကဗျာကြောင့်
ချစ်သူနဲ့ ပိုနီးတယ်....
ကဗျာကြောင့်
ရွှန်းမြ လှပ ပန်းချီရေးခြယ်..
အဲသလို
အဲသလိုပေါ့
အဲသလို အလှတရားတွေနဲ့ ပြည့်နေတာ
ကဗျာ
ကဗျာပါ
ဒီကဗျာကို
အသရေဖျက်တဲ့ ပိုးတွေကြောင့်
တိုးလို့ တိုးလို့နာ
ရင်မှာ တစစ်စစ်
သိပ် စိတ်ညစ်တယ်
ကဗျာဟာ ကဗျာပါပဲညယ်
ပွင့်သော မွှေးသော ကဗျာရယ်...။ ။
နွယ်နီမဂ္ဂဇင်း နိုဝင်ဘာ ၂၀၀၇
်
Tuesday, November 12, 2013
"မန္တလေး ( ၂ )
မြို့က...
အရှေ့ဘက် တောင်ဘက် အနှံ့
်
ဖြန့်.....
ပြန့်ပြန့် လာတယ်.........။
ညိုသူတွေလည်း အသားကျလာသလို
ဖြူသူတွေလည်း
ချဲ့ချဲ့ လာတယ်...။
ပြန့်လေလေ
ဖြန့်လေလေ
ချဲ့လေလေ
နဂို အနေ ပျက်နေတဲ့ မြို့
အပျိုရည်ပျက်နေတဲ့ မြို့
ညိုညိုတို့ရဲ့ မြို့စစ်စစ်ပါ...။ ။
Sunday, November 10, 2013
" ရန်ကုန် "
#ခြေရာထပ်ထပ်
ဘတ်စ်ကား ကြပ်ကြပ်
မတ်ရပ် ကွန်ဒိုတွေနဲ့ မြို့.......
# အပေါင်း အနှုတ်
အမြှောက် အစား
သင်္ချာသဘောတရားတွေနဲ့ မြို့.....
# ပကတိ
အကွက် ရွှေ့ ခံလိုက်ရပေမယ့်
အမြဲံတမ်း သစ်လွင်နေတဲ့ မြို့....
#ခုထိ
လူတွေ ထူထပ်တုန်း
ဘတ်စ်ကားတွေ ကြပ်တုန်း
ပဉ္စလက် ဆန်တုန်း ....။ ။
်
" ရန်ကုန် "
#ခြေရာထပ်ထပ်
ဘတ်စ်ကား ကြပ်ကြပ်
မတ်ရပ် ကွန်ဒိုတွေနဲ့ မြို့.......
# အပေါင်း အနှုတ်
အမြှောက် အစား
သင်္ချာသဘောတရားတွေနဲ့ မြို့.....
# ပကတိ
အကွက် ရွှေ့ ခံလိုက်ရပေမယ့်
အမြဲံတမ်း သစ်လွင်နေတဲ့ မြို့....
#ခုထိ
လူတွေ ထူထပ်တုန်း
ဘတ်စ်ကားတွေ ကြပ်တုန်း
ပဉ္စလက် ဆန်တုန်း ....။ ။
်
" ပန်းချီကား "
*တရိပ်ရိပ်....
တလိပ်လိပ်...
တိမ်လို လွင့် မျော......
#ဖမ်းဆုပ် မရတဲ့........့
လှိုင်းတွေ ကြား.......
တစုံတရာ ရလိုက်တယ်.......
်
တိမ်ကဗျာ.......။ ။
Thursday, November 7, 2013
".ပန်းချီကား..."
#အိပ်မက်မှာ...
ကဗျာသီ လှလိုက်တဲ့ ပန်းချီကား....
#တကယ်တမ်း
အပြင်ပန်းမှာတော့
အလွမ်းညများ ....။ ။့
Saturday, November 2, 2013
"တန်ဖိုး"
ငါ မရှိမှ
ငါ့တန်ဖိုး သိ
ရင်ထဲ ထိတဲ့ စကား
အမေ ပြောကြားခဲ့တယ်.....
အခုတော့
အမေ မရှိမှ အမေ့မေတ္တာ
အမေ့တန်ဖိုး ပိုသိ
တန်ဖိုး ပိုရှိ
လွမ်းမိတယ် အမေ.....။ ။
နိုဝင်ဘာ ၂ ရက် (အမေ ကွယ်လွန်ခဲ့တဲ့ ရက်တစ်ရက် အလွမ်းဖွဲ့သီမှု )
2 .11 .2013်
Friday, November 1, 2013
Thursday, October 31, 2013
" လွင့်မျော "
# သံယောဇဉ်နိဒါန်း
အချစ်စာကိုယ်ပန်းပွင့်
အမုန်းနိဂုံးတံခါးဖွင့်.....။ ။
(ပထမဦးဆုံးပုံနှိပ်ကဗျာ...)
၁၉၉၀ ခုနှစ် စာပေရုပ်ရှင်စတားမဂ္ဂဇင်း
Wednesday, October 30, 2013
" HEART "
# Heart is not to hate ,
it has been born to love.
so ,
I love you.
#ဆိုခဲ့
နှလုံးသားဒသန
အချစ်ဒသန
အထာကျချင်ကျ
အထာလှချင်လှ
တကယ်တမ်းကျ
နှလုံးသား အမုန်းပွားပါ၏
နှလုံးသား အမုန်းပွားတတ်၏။ ။
"ပလိပ်"
# ပလိပ်..တဲ့
မြို့သားလည်းမဟုတ်
တောသားလည်းမဟုတ်
ကပြား.."
#ကြည့်စမ်း
မြို့ကလေးရဲ့ ကင်ပွန်းတပ်မှု
မျက်စောင်းထိုးလိုသူတွေအတွက်တော့
လှောင်ပြောင် ခြောက်လှန့်
ရုပ်လုံးတွေ ဖြစ်လို့,,,,
@ဟိုတုန်းက ကြားဖူးတယ်
ကြွက်ရဲ့ ဝတ်ရုံနက် ဝတ်ဆင်ထားတဲ့
ပလိပ်..ဆိုတဲ့ ဝိဥာဉ်ဟာ...
တစ္ဆေ ...
ထိတ်လန့်ခြင်း ဦးခေါင်းခွံ
ပြီးတော့-
ကြားဖူးပါရဲ့....
ပုလိပ်"ဆိုတဲ့ နာမ်စား
ဒီလိုနဲ့
မြို့ကလေး အနိုင်ကျင့်ခံရ
@တကယ်တော့
ဒါဟာ....
ဥပေက္ခာ ရယ်ပွဲ....
#ဘယ်လောက်လှသလဲ
ကြည့်စမ်း
ရိုးမရဲ့ ဝမ်းဗိုက်ထဲကနေ
သန့်
ဖြူ
အေးမြတဲ့
ကျောက်စက်သန္ဓေသားများ
စုစုစည်းစည်းနဲ့....
အကောင်ရှည်တစ်ကောင်က
မြို့ကလေးရဲ့ အိပ်ယာဘေးကနေ
စီးဆင်း...
မြစ်မင်း
မိခင် ဧရာဝတီဆီ..။
#ပြီးတော့-
တချိန်တုန်းက
နေပြည်တော်စည်ရွှန်းစဉ်က
ဈေးကွက်ဖြစ်ထွန်းရာ မြို့ကလေး...
#မြို့ကလေးမှာ
သမိုင်းတွေများစွာ
ရာဇဝင်တွေများစွာရှိတယ်
အနော်ရထာနဲ့ သူမျိုးဆက်တွေရဲ့
ခြေရာတွေ.....
စကားတွေ.....
ယဉ်ကျေးမှုတွေ....
သာသနာတွေ.....
အများကြီး အများကြီး
အများကြီး
အများကြီးရယ်ပါ......
@တကယ်ပါ
မြတ်ဘုရားရဲ့ အမွေအနှစ်
စည်ပင်လို့
အထင်ကရ ဓမ္မရှင်တွေ နေခဲ့ဖူး
ရှိခဲ့
ရှိလည်း ရှိခဲ့
ရှိလည်း ရှိဆဲ
ခေါင်းလောင်းသံ တညံညံ
ကြေးစည်သံတွေက သာသာယာယာ..
@ပြီးတော့
ကဝိတွေ အသက်ရှင်ခဲ့
ပြီးတော့
ဘိုးတော်ဘုရားရဲ့ စကားတွေ ကျန်ခဲ့
ပြီးတော့
ပလိပ်စားရဲ့ အလင်္ကာတွေ ကျန်ခဲ့
ပြီးတော့
ဒီဘက်မှာ အများကြီး
အများကြီး
@တကယ်တော့
အလောင်းစည်သူ စောမွန်လှ
သင်္ကေတ
ပေလိပ်တဲ့
ပေရွက်ပေါ်က လာတဲ့ မြို့
အမေရဲ့ မြို့
ကျုပ်ရဲ့ မြို့ စစ်စစ်ပါ...
@ဒါနဲ့များ
ပလိပ် ဆိုတဲ့ မြို့
သက်သက်မဲ့ ရေလောင်းခံရပုံများ
မောင်ခိုင်မွန်ရေ.....
ကျုပ်တို့သမိုင်းတွေ လှပနေပါရဲ့လေ
အဲဒီစဉ်မှာတော့---
မြို့ကလေးက ပီတိတွေ
ဝေ......။ ။
၂၀၀၃ ဇူလိုင် နွယ်နီမဂ္ဂဇင်း
Tuesday, October 29, 2013
Sunday, October 27, 2013
ဗုံး
ဗုံး ဗုံး
ဗုံး ဗုံး ဗုံး........
တောင်ငူဗုံး
ရန်ကုန်ဗုံး
မန္တလေးဗုံး
စစ်ကိုင်းဗုံး ဗုံးတေ
ဟိုမှာလည်း ဗုံး
ဒီမှာလည်း ဗုံး
....................
......................
..................ဗုံး
..........ဗုံး
ဗုံး
ဘယ်သူ့ ဗုံးလဲ ဟင် !
Friday, October 25, 2013
ဥသြဆွဲသံ
★၁၉၄၇ဇူလိုင်
၁၀နာရီ ၃၇ မိနစ်...
ဥသြဆွဲသံ ကြားလိုက်တယ်
ဒီနေ့ဟာ..
သမိုင်းစာမျက်နှာထက်သွေးစွန်းရက်သွေးစွန်းခဲ့....
★ဥသြဆွဲသံ ကြားလိုက်တယ်
ဒီနေ့မှာ......
ဗိုလ်ချုပ်နဲ့ လုပ်ဖော်ကိုင်ဖက်ခေါင်းဆောင်များ
မျိုးချစ်သူရဲကောင်းများ
ပြည်သူ့အကျိုး
တိုင်းပြည်အကျိုးဆောင်ရွက်ခိုက်
အငိုက်ခံရဘဝနိဂုံး ဆုံးခဲ့တယ်။
★ဥသြဆွဲသံကြားလိုက်တယ်
ဒီနေ့မှာ ပြည်သူတွေ
မျက်ရည်စီးဆင်း
ပင်လယ်ကြီးအလား
သမုဒ္ဒရာတစ်စင်းဖြစ်သွား....
★ဥသြဆွဲသံကြားလိုက်တယ်
ဘယ်တော့မှ မမေ့ဘူး
ဒီနေ့ကို မေ့ပစ်လို့ မရဘူး
ဒီနေ့ကို ဖျောက်ဖျက်ပစ်လို့ မရဘူး
(ဥသြဆွဲဖို့ ငြင်းသူတွေကတော့ထားရော့..)
★ဥသြဆွဲသံ ကြားလိုက်တယ်
ဒီနေ့ကို
မိုးဖွဲဖွဲလေးတွေကတောင် ဂုဏ်ပြုတယ်
★ဟေ့ သူငယ်ချင်းတို့ဥသြဆွဲသံ ကြားရ
(အားလုံး မတ်တပ်ထ....တစ်မိနစ်ငြိမ်....)
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြု..........။ ။
မောင်ရဲနွေ
19th Juiy'2013