နှစ်သစ်နိဒါန်း တစ်နှစ်ဟောင်းလို့ ပြောင်းခဲ့ပြီ တစ်နှစ်။ဘာတွေ ဟောင်းခဲ့လဲ။ဘာတွေနှောင်းခဲ့လဲ။ဘာတွေ ကောင်းခဲ့လဲ။ဘာတွေမကောင်းခဲ့လဲ။ ဟောင်းတာတွေက များ ။မကောင်းတာတွေကများ ။ဒီလိုပဲ ခရီးသွားနေကြတာပါ့။ အတ္တနဲ့ပရမှာ အတ္တတွေကသာ လွှမ်းမိုးပြီး တစ်နှစ်ကုန်ဆုံးခဲ့တယ်။မိမိအတွက် မိသားစုအတွက် ရပ်ရွာအတွက် မြို့အတွက် ဒေသအတွက် နိုင်ငံနဲ့လူမျိုးအတွက် ဘာတွေလုပ်ခဲ့သလဲလို့ ကိုယ့်ကိုကိုယ် မေးကြည့်တဲ့အခါ ဘယ်လိုဖြေရမည်မသိ။သေချာတာကတော့ ကိုယ့်အတွက်သာ အချိန် နေ့ရက် လ နှစ်တွေ တရွေ့ရွေ့ကုန်ဆုံးခဲ့ကြတယ်။အကျိုးနဲ့အကြောင်း အဆိုးနဲ့အကောင်းမှာ အကျိုးနဲ့အကောင်းက ရာနှုန်းနည်းပြီး အကြောင်းနဲ့အဆိုးသာ ရာခိုင်နှုန်းများနေပါတော့တယ်။ တစ်နှစ်ပြောင်းတော့ တစ်နှစ်ဟောင်းတော့ အသက်တစ်နှစ်ကြီးလာသလို အသက်တစ်နှစ်တိုလာတယ်။ဘယ်တော့များ အလှည့်ကျလာမှန်းမသိတဲ့ ဘဝခရီးမှာ နီးနီးလာတဲ့ နောက်ဆုံးရက်တစ်ရက်မရောက်မီ ဘာတွေ ပြင်ဆင်သင့်ပြီလဲဆိုတာ သုံးသပ်သင့်ပါပြီ။ပြင်ဆင်သင့်ပါပြီ။ဆုံးဖြတ်ချက်တစ်ခုတော့ ချသင့်ပြီ။ဘဝကောင်းဖို့ အကောင်းတွေကိုသာ ရွေးချယ်လုပ်ကိုင်ဖို့လိုပြီ။ကိုယ့်အတွက်ကောင်းဖို့လိုသလို အများအတွက် ကောင်းအောင်လုပ်ဖို့လည်းလိုပြီ။ နှစ်သစ်မှာ အသစ်အသစ်တွေ လုပ်ဖို့လိုပြီ။အသစ်အသစ်ဆိုပေမယ့် မိမိ သူတပါးကောင်းဖို့ စဉ်းစားပြီး လုပ်ကိုင် ဆောင်ရွက် နေထိုင်ဖို့လိုနေပြီ။ နှစ်သစ်မှာ စိတ် ကိုယ် ချမ်းသာ ကျန်းမာကြပါစေ။ ။
No comments:
Post a Comment